ယာဉ်မှတ်ပုံတင် (ကမ-၃) လျှောက်ထား Checklist

ယာဉ်မှတ်ပုံတင် (ကမ-၃) လျှောက်ထား Checklist

ကား/ဆိုင်ကယ် အသစ်ဝယ်ပြီး ကညန တွင် မှတ်ပုံတင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ။

MyanmarTG တည်းဖြတ်အဖွဲ့နောက်ဆုံးပြင်ဆင်ခဲ့သည် —

ဤစာမျက်နှာရှိ အချက်အလက်များသည် ပြည်သူ့အကျိုးငှာ စုစည်းတင်ပြထားခြင်းသာ ဖြစ်ပြီး တရားဝင်အကြံပေးချက် (legal advice) မဟုတ်ပါ။ အစိုးရရုံးများ၏ စည်းမျဉ်း၊ အခကြေးငွေနှင့် လုပ်ထုံးလုပ်နည်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ နောက်ဆုံးအချက်အလက်ကို သက်ဆိုင်ရာ ရုံးတွင် တိုက်ရိုက်စစ်ဆေးရန် တိုက်တွန်းပါသည်။

အချက်အလက် ရင်းမြစ်များ (2)

ယာဉ်နှင့် ပိုင်ရှင် လိုအပ်ချက်

  • မှတ်ပုံတင်မည့် ယာဉ်ကို လူကိုယ်တိုင် ယူဆောင်လာရန် (Engine/Chassis No. စစ်ဆေးရန်)
  • ယာဉ်ပိုင်ရှင် လူကိုယ်တိုင် သို့ ကိုယ်စားလှယ်လွှဲစာ ပါသူ

မူရင်း စာရွက်စာတမ်း

  • ယာဉ်ဝယ်ယူ Invoice / ပြေစာ မူရင်း
  • Slip / Permit (သက်ဆိုင်ပါက)
  • တင်သွင်းခွင့်ပြုမိန့် (Import Permit) နှင့် အကောက်ခွန် ပြေစာ မူရင်း
  • ယာဉ်ပိုင်ရှင်၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား (NRC) မူရင်း
  • အိမ်ထောင်စုစာရင်း မူရင်း
  • ယာဉ်အာမခံ (လက်ရှိ သက်တမ်းရှိနေသော) မူရင်း

မိတ္တူများ

  • NRC မိတ္တူ ၂ စောင်
  • အိမ်ထောင်စုစာရင်း မိတ္တူ ၂ စောင်
  • ဝယ်ယူ Invoice / အကောက်ခွန် ပြေစာ မိတ္တူ ၂ စောင်စီ

ထပ်ဆောင်း လိုအပ်ချက်

  • ကိုယ်စားလှယ်ဖြင့် လုပ်ပါက — တရားဝင် ကိုယ်စားလှယ်လွှဲစာ (Power of Attorney)
  • မှတ်ပုံတင်ကြေး + ဆိုင်းဘုတ်ပြားကြေး + ဝန်ဆောင်ခ — ငွေသား
  • ဓာတ်ပုံ (ယာဉ်အရှေ့/အနောက်/ဘေး ၂ ပုံ) — လိုအပ်ပါက

Download — လျှောက်လွှာ ဖောင်

ဖောင်များ ရှာဖွေနေသည်...

လုပ်ဆောင်ရမည့် အဆင့်

  1. သက်ဆိုင်ရာ ကညန ရုံးခွဲကို ယာဉ်နှင့်အတူ သွားရောက်ပါ။
  2. စာရွက်စာတမ်း တင်ပြ၍ ဖောင် (ကမ-၃ လျှောက်လွှာ) ဖြည့်ပါ။
  3. ယာဉ်ကို Inspection အရာရှိမှ Engine/Chassis Number စစ်ဆေးပါမည်။
  4. ဝန်ဆောင်ခများ ပေးသွင်းပါ။
  5. သတ်မှတ်ရက်တွင် ကမ-၃ နှင့် ဆိုင်းဘုတ်ပြား ပြန်လည် လက်ခံပါ။

တရားဝင် Website

  • rtad.gov.mm — ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

သတိ − တင်သွင်းခွင့်/ အကောက်ခွန် မူဝါဒများ ပြောင်းလဲနိုင်ပါသည်။ မသွားခင် ကညန ရုံးခွဲကို ဆက်သွယ်စစ်ဆေးပါ။

ဆိုင်ရာ Tools နှင့် Guides

မျှဝေရန်
FacebookTelegramViber