နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရန် လိုအပ်ချက်များ

နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရန် လိုအပ်ချက်များ

Passport အသစ်လုပ်ရန် (PJ) လျှောက်ထားသူများအတွက် စာရွက်စာတမ်း Checklist ။

MyanmarTG တည်းဖြတ်အဖွဲ့နောက်ဆုံးပြင်ဆင်ခဲ့သည် —

ဤစာမျက်နှာရှိ အချက်အလက်များသည် ပြည်သူ့အကျိုးငှာ စုစည်းတင်ပြထားခြင်းသာ ဖြစ်ပြီး တရားဝင်အကြံပေးချက် (legal advice) မဟုတ်ပါ။ အစိုးရရုံးများ၏ စည်းမျဉ်း၊ အခကြေးငွေနှင့် လုပ်ထုံးလုပ်နည်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ နောက်ဆုံးအချက်အလက်ကို သက်ဆိုင်ရာ ရုံးတွင် တိုက်ရိုက်စစ်ဆေးရန် တိုက်တွန်းပါသည်။

အချက်အလက် ရင်းမြစ်များ (2)

လူကိုယ်တိုင် ယူဆောင်ရမည့်အရာ

  • လူကိုယ်တိုင် (ဓာတ်ပုံရိုက်ရန် + လက်ဗွေနှိပ်ရန်)
  • သင့်တော်သော အ၀တ်အစား (ဓာတ်ပုံအတွက် ပိုက်ပိုက်အ၀တ်/အရောင်ရှင်းရှင်း ရှောင်ပါ)

မူရင်းစာရွက်စာတမ်း

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (NRC) မူရင်း
  • အိမ်ထောင်စုစာရင်း မူရင်း
  • မွေးစာရင်း မူရင်း
  • ပညာအရည်အချင်း အထောက်အထား မူရင်း (လိုအပ်ပါက)

မိတ္တူများ

  • NRC မိတ္တူ ၂ စောင်
  • အိမ်ထောင်စုစာရင်း မိတ္တူ ၂ စောင်
  • မွေးစာရင်း မိတ္တူ ၂ စောင်

ဓာတ်ပုံ

  • လတ်တလော ရိုက်ထားသော ၂x၂ လက်မ ဓာတ်ပုံ (နောက်ခံအဖြူ) — ၂ ပုံ

ထပ်ဆောင်း လိုအပ်ချက်

  • လျှောက်လွှာဖောင်ကို ဖြည့်စွက်ထားရန် (ရုံးတွင်လည်း ရရှိနိုင်)
  • ဝန်ဆောင်ခ ပေးသွင်းရန် ငွေသား

Download — လျှောက်လွှာ ဖောင်

ဖောင်များ ရှာဖွေနေသည်...

တရားဝင် Website

  • passport.gov.mm — Online appointment နှင့် ပိုမို သိရှိနိုင်ပါသည်။

သတိ − လုပ်ထုံးလုပ်နည်းများ ပြောင်းလဲနိုင်ပါသည်။ မသွားခင် တရားဝင်ဌာနသို့ စစ်ဆေးပါ။

ဆိုင်ရာ Tools နှင့် Guides

မျှဝေရန်
FacebookTelegramViber